◾ထိုင်းနိုင်ငံ၌ ဘတ်စ်ကားနှင့်ရထားပေါ်တွင် တံတွေးလိုက်ထွေးသည့် တရုတ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုများမြင့်တက်နေစဉ်အတွင်း ယမန်နေ့က ဘန်ကောက်-ဆာရာဘူရီ ဘတ်စ်ကားလိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ တရုတ်အမျိုးသမီးတစ်ဦးက တံတွေးများ လိုက်လံထွေးခဲ့သည်။

ယင်းအမျိုးသမီးသည် ဘန်ကောက်-ဆာရာဘူရီ ဘတ်စ်ကားလိုင်းပေါ်သာမက ဘန်ကောက်သို့သွားသည့် ရထားပေါ်တွင်လည်း ထပ်မံထွေးခဲ့၍ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းကာ ဓာတ်ခွဲနမူနာများ ရယူထားရသည်။

၎င်းအမျိုးသမီးအား ဘတ်စ်ကားဂိတ်အရောက်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းများကခေါ်ဆောင်ရာတွင် လိုက်ပါရန်ငြင်းဆန်ခဲ့ပြီး ရက်အနည်းငယ်သာနေပြီး ပြန်မည်ဟုပြောဆိုကာ လမ်းလျှောက်ထွက်သွားခဲ့သည်။

ယင်းနောက် အဆိုပါတရုတ်အမျိုးသမီးမှာ ဘန်ကောက်သို့သွားသည့် ရထားပေါ်တွင်လည်း ထပ်မံတံတွေးများထွေးခဲ့သဖြင့် တာဝန်ရှိသူများကဖမ်းဆီးရာ တံတွေးနှင့်ပြန်ထွေး၍ ၎င်းအား မြေပေါ်လှဲချကာ ပါးစပ်ကိုပိတ်၍ ဖမ်းဆီးခဲ့ရသည်။

၎င်းအား ယမန်နေ့ညက ဆီရီရခ်ျဆေးရုံသို့ပို့ဆောင်၍ သီးသန့်ထားရှိကာ ဓာတ်ခွဲနမူနာများရယူထားသည်။

ထိုင်းနိုင်ငံ၌ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ ၃၀၀ ကျော်ရှိလာပြီဖြစ်သည်။

သတင်း - နေသွေးဈာန်
Ref ; The Nation

.............................................................

(Zawgyi Version)

#နိုင်ငံတကာသတင်း

◾ထိုင်းနိုင်ငံ၌ ဘတ်စ်ကားနှင့်ရထားပေါ်တွင် တံတွေးလိုက်ထွေးသည့် တရုတ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်မှုများမြင့်တက်နေစဉ်အတွင်း ယမန်နေ့က ဘန်ကောက်-ဆာရာဘူရီ ဘတ်စ်ကားလိုင်းပေါ်တွင် စီးနင်းလိုက်ပါလာသူ တရုတ်အမျိုးသမီးတစ်ဦးက တံတွေးများ လိုက်လံထွေးခဲ့သည်။

ယင်းအမျိုးသမီးသည် ဘန်ကောက်-ဆာရာဘူရီ ဘတ်စ်ကားလိုင်းပေါ်သာမက ဘန်ကောက်သို့သွားသည့် ရထားပေါ်တွင်လည်း ထပ်မံထွေးခဲ့၍ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းကာ ဓာတ်ခွဲနမူနာများ ရယူထားရသည်။

၎င်းအမျိုးသမီးအား ဘတ်စ်ကားဂိတ်အရောက်တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ကျန်းမာရေးဝန်ထမ်းများကခေါ်ဆောင်ရာတွင် လိုက်ပါရန်ငြင်းဆန်ခဲ့ပြီး ရက်အနည်းငယ်သာနေပြီး ပြန်မည်ဟုပြောဆိုကာ လမ်းလျှောက်ထွက်သွားခဲ့သည်။

ယင်းနောက် အဆိုပါတရုတ်အမျိုးသမီးမှာ ဘန်ကောက်သို့သွားသည့် ရထားပေါ်တွင်လည်း ထပ်မံတံတွေးများထွေးခဲ့သဖြင့် တာဝန်ရှိသူများကဖမ်းဆီးရာ တံတွေးနှင့်ပြန်ထွေး၍ ၎င်းအား မြေပေါ်လှဲချကာ ပါးစပ်ကိုပိတ်၍ ဖမ်းဆီးခဲ့ရသည်။

၎င်းအား ယမန်နေ့ညက ဆီရီရခ်ျဆေးရုံသို့ပို့ဆောင်၍ သီးသန့်ထားရှိကာ ဓာတ်ခွဲနမူနာများရယူထားသည်။

Comments