ကိုရိုနာဗိုင်းရပ်- ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းမျာ

ကိုရိုနာဗိုင်းရပ်- ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ

ပြည်ထောင်စုအစိုးရအနေနဲ့ ညွှန်ကြားချက်တစုံတရာနဲ့ အခုလိုလုပ်ခိုင်းတာမဟုတ်သလို၊ တိုင်းအစိုးရ အနေနဲ့လည်း ညွှန်ကြားတာမရှိပေမယ့် လူမှုအဖွဲ့အစည်းက ကိုယ်တိုင်ဦးစီးကာ ပြုလုပ်ကြတာ
Image captionပြည်ထောင်စုအစိုးရအနေနဲ့ ညွှန်ကြားချက်တစုံတရာနဲ့ အခုလိုလုပ်ခိုင်းတာမဟုတ်သလို၊ တိုင်းအစိုးရ အနေနဲ့လည်း ညွှန်ကြားတာမရှိပေမယ့် လူမှုအဖွဲ့အစည်းက ကိုယ်တိုင်ဦးစီးကာ ပြုလုပ်ကြတာ

ကိုဗစ်လက္ခဏာစောင့်ကြည့်တာတွေ နိုင်ငံအတွင်း မြို့အချို့မှာ ပြုလုပ်လာ

ကိုရိုနာဗိုင်းရပ်စ် လက္ခဏာမျိုးတွေရှိမရှိ ကိုယ့်မြို့ကိုရောက်လာတဲ့သူတွေ နိုင်ငံသားတိုင်းကို အပူချိန်တိုင်းတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားမှုရှိမရှိ စစ်ဆေးတာတွေကို မြို့နယ်အခြေပြု ကူညီရေးအဖွဲ့တွေက လုပ်ကိုင်လာကြပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ အခြားဒေသအချို့မှာအခုလိုစတင်လုပ်ကိုင်တာတွေကို အရပ်ဘက်အဖွဲ့တွေ ကဦးဆောင်ပြီးလုပ်ကိုင်နေကြပါတယ်။
သူတို့စီက ဖျားနာတဲ့သူတွေ့တာ၊ အခြားအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုတွေ့ရရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်ကာစစ်ဆေးပေးမှုတွေကိုလုပ်ကိုင်တာလို့ မကွေးတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ဘီဘီစီကိုပြောပါတယ်။
ပြည်ထောင်စုအစိုးရအနေနဲ့ ညွှန်ကြားချက်တစုံတရာနဲ့ အခုလိုလုပ်ခိုင်းတာမဟုတ်သလို၊ တိုင်းအစိုးရ အနေနဲ့လည်း ညွှန်ကြားတာမရှိပေမယ့် လူမှုအဖွဲ့အစည်းက ကိုယ်တိုင်ဦးစီးကာ ပြုလုပ်ကြတာလို့ သူက ပြောပါတယ်။
မကွေးတိုင်းထဲကို ထိုင်းနိုင်ငံကနေ ပြန်ရောက်လာတဲ့ သူတွေကိုလည်း အခုလိုစစ်ဆေးမှုတွေကိုတော့ တိုင်းအစိုးရအစီအစဉ်နဲ့ စစ်ဆေးနေတာတွေရှိပြီး မတ်လ ၂၇ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ်ကနေ မကွေးတိုင်းအတွင်း တရားဝင် ပြန်ဝင်လာသူကတော့ ၂ ထောင်ကျော်ရှိနေပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းကို ပြန်လာကြတဲ့ ပြည်တွင်းနေနိုင်ငံသားတွေကိုလည်း တိုင်းအတွင်းဝင်လာချိန်မှာ အဖျားရှိမရှိ၊ ကိုဗစ်လက္ခဏာရှိမရှိကို စစ်ဆေးတာတွေရှိပြီး၊ တိုင်းအတွင်းက မြို့နယ်အနံှ့မှာလုပ်ဆောင် တာမျိုးတွေရှိတယ်လို့ တိုင်းလယ်ဆယ်၊ စိုက်မွေးဝန်ကြီးဦးကမ်ဇာမုံက ဘီဘီစီကိုပြောပါတယ်။
လက်ရှိအချိန်အထိတော့ လေးရက်အတွက် မြန်မာနိုင်ငံမှာ နိုင်ငံသား ၇ နဲ့ နိုင်ငံခြားသား ၁ ဦး စုစုပေါင်း ၈ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် ပြည်သူအများစုလည်း စိုးရိမ်မှုနေကြပါတယ်။
အခုလိုရောဂါကူးစက်မှုတွေ တွေ့ရှိပြီးနောက်မှာတော့ ကုန်ဈေးနှုန်းမြှင့်တက်လာတာ၊ ဆေးပစ္စည်းတွေ ပြတ်လတ်တာ၊ အလုပ်အကိုင်တွေပိတ်ထားတာအပြင်၊ မလိုအပ်ရင် အိမ်ပြင်မထွက်တာတွေကြောင့် ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေက အရင်ထက် စည်းကားမှု နည်းပါးလာနေပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့သူရှိပြီး၊ သူနေခဲ့တဲ့နေရာ၊ သူသွားလာခဲ့တဲ့နေရာတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက်ကြောင့် ရိက္ခာပြတ်မှာကို တီးတိန်ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။ဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionရောဂါပိုးတွေ့ရှိတဲ့သူရှိပြီး၊ သူနေခဲ့တဲ့နေရာ၊ သူသွားလာခဲ့တဲ့နေရာတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက်ကြောင့် ရိက္ခာပြတ်မှာကို တီးတိန်ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ကိုဗစ်လူနာရှိတဲ့ တီးတိန်မြို့ကို ဆန်နဲ့ ရိက္ခာတွေပို့ပေး

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ချင်းပြည်နယ်၊ တီးတိန်ကလူနာနေ ထိုင်ရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ကို ပြည်နယ်အစိုးရက ဆန်အပါအဝင်ရိက္ခာတွေကို ပေးပို့ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။
ရောဂါပိုးတွေ့ရှိတဲ့သူရှိပြီး၊ သူနေခဲ့တဲ့နေရာ၊ သူသွားလာခဲ့တဲ့နေရာတွေကို ခရီးသွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက်ကြောင့် ရိက္ခာပြတ်မှာကို တီးတိန်ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
အခုပို့တဲ့အရေအတွက်ကတော့ ဆန်အိတ် ၆၇၀၊ ဆီပိဿာ ၄၀၀ ကျော်၊ ကုလားပဲ ၁၇အိတ်တို့ဖြစ်ပါတယ်။ ဒါပေမယ့် လူနာရှိတဲ့ရွာတခုထဲမှာဘဲ လူဦးရေက သုံးထောင်လောက်ရှိသလို၊ လူနာရဲ့ သတို့သမီးလောင်း နေထိုင်တဲ့ ရွာမှာလည်း လူဦးရေ သုံးထောင်လောက်အထိရှိနေပါတယ်။
အခုအစိုးရပေးပို့တဲ့ ရိက္ခာအပြင် လူမှုရေးအဖွဲ့အစည်းအချို့ကလည်း ကပ်တဲလ်ကျေးရွာ လူနာနေခဲ့တဲ့နေ ရာကသူတွေအတွက် ဆန်အိတ် ၄၀၀ ကို မတ်လ ၂၇ရက်နေ့က ပေးပို့ခဲ့ပါသေးတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတော့ ကိုဗစ်ကြောင့် စားနပ်ရိက္ခာပြဿနာက ကူးစက်ခံရတဲ့ နိုင်ငံတိုင်းမှာ ပြဿနာဖြစ်လာနိုင်တယ်လို့ ပြောထားပါတယ်။
ကိုဗစ်ကူးခံရတဲ့ တရားဟောဆရာနဲ့ တွေ့ခဲ့သူ လူလေးသောင်းလောက်ကို တပြိုင်နက်စောင့်ကြည့်နေရဓာတ်ပုံ မူပိုင်GETTY
Image captionကိုဗစ်ကူးခံရတဲ့ တရားဟောဆရာနဲ့ တွေ့ခဲ့သူ လူလေးသောင်းလောက်ကို တပြိုင်နက်စောင့်ကြည့်နေရ

ကိုဗစ်ကူးခံရတဲ့ တရားဟောဆရာနဲ့ တွေ့ခဲ့သူ လူလေးသောင်းလောက်ကို တပြိုင်နက်စောင့်ကြည့်နေရ

အိန္ဒိယနိုင်ငံ မြောက်ပိုင်းပန်ဂျပ်ပြည်နယ်၊ ရွာပေါင်း ၂၀က လူလေးသောင်းလောက်ကို ကိုဗစ် ကြောင့် သီးသန့်ထားကာ စောင့်ကြည့်ရေးလုပ်ငန်းတွေကို တပြိုင်နက်လုပ်ဆောင်ပေးနေရပါတယ်။
အဲဒီလူလေသောင်းလုံးက ကိုဗစ်ဖြစ်ပြီး သေဆုံးခဲ့တဲ့ အသက် ၇၀ ကျော်အဖိုးအို တဦးတည်းနဲ့ အဆက်အသွယ်ရှိခဲ့တဲ့သူပါ။
အဲဒီလိုအဆက်အသွယ်ရှိခဲ့တယ်ဆိုတာကိုလည်း သူကိုဗစ်ကြောင့် သေဆုံးပြီးမှဘဲ သိခဲ့ရပါတယ်။ သူကတရားဟောဆရာတဦးဖြစ်တာကြောင့် မသေခင်မှာ လူအတော်အများနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
သူမသေခင်၊ တရားဟောဆရာ ဂျာမဏီကပြန်လာအပြီးမှာဘဲ သူ့ကို သီးသန့်ထားစောင့်ကြည့်ဖို့အတွက် အကြံပြုခဲ့ပေမယ့် တရားဟောဆရာက ငြင်းဆန်ခဲ့တယ်လို့ ပြည်နယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဏာပိုင်က ဘီဘီစီကိုပြောပါတယ်။
တရားဟောဆရာက သူပြန်လာအပြီး ခြောက်ရက်ဆက်တိုက် တရားပွဲလုပ်ခဲ့လို့ တရက်ကို လူတစ်သောင်းလောက် နေ့တိုင်းသူစီကိုရောက်ခဲ့ကြတာပါ။
အခုတော့ အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူက ၆၄၀ လောက်ရှိနေပြီး အဲဒီထဲက ၃၀ က အခုတရားဟော ဆရာနေတဲ့ ပန်ဂျပ် ပြည်နယ်ကပါ။
အခုလိုနိုင်ငံမှာလူဦးရေ တစ်ဘီလီယံကျော်ရှိနေပေမယ့် ကူးစက်ခံရသူအရေအတွက် နည်းနေတာကလည်း ပိုးရှိမရှိ စစ်ဆေးနိုင်တဲ့နှုန်းက အရမ်းနည်းပါးနေတာကြောင့် မို့လို့ ကျွမ်းကျင်သူတွေက အိန္ဒိယရဲ့ အခြေအနေ အဆိုးဝါးဆုံးဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

#ခရက္ဒစ္

Comments