ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး ေသဆုံးသူကို သၿဂႋဳဟ္ရန္ ၫႊန္ၾကားခ်က္ေစာင့္ေန


ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံး ေသဆုံးသူကို သၿဂႋဳဟ္ရန္ ၫႊန္ၾကားခ်က္ေစာင့္ေန


ျမန္မာႏိုင္ငံမွာ ပထမဆုံးအေနနဲ႔ COVID-19 ဗိုင္းရပ္စ္ေရာဂါ စက္ခံထားရသူ အတည္ျပဳလူနာတစ္ဦး မတ္လ ၃၁ ရက္ မနက္ ၇ နာရီ ၄၀ မိနစ္က ေသဆုံးသြားတယ္လို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြက ဒီဗြီဘီကို အတည္ျပဳေျပာၾကားပါတယ္။
ေသဆုံးသြားတဲ့ လူနာေနထိုင္တဲ့ ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ ဖို႔ေျမရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ဝင္းထြန္းက ” ဆုံးသြားတာဟုတ္ပါတယ္။ အသုဘလိုက္ပို႔တာ စီစဥ္ဖို႔ကလည္း ဘယ္လိုလုပ္ရမယ္ဆိုတာ ၫႊန္ၾကားခ်က္ေတြ မလာေသးပါဘူး။ ဘယ္သူလိုက္ပို႔မလဲဆိုတာ အေပၚကဆုံးျဖတ္မွာပါ။ သၿဂႋဳဟ္ဖို႔ကိစၥက ဘာလုပ္ရမလဲ ၫႊန္ၾကားတဲ့ အေပၚမူတည္ပါတယ္။ ခုေတာ့ဘယ္သူမွလိုက္ပို႔ခြင့္မျပဳထားပါဘူး။ က်ေနာ့္အေနနဲ႔ဒီ သတင္းကိုေတာ့အတည္ျပဳပါတယ္။ အရင္ကေကာလဟာလထြက္တုန္းကလည္းမ ဟုတ္ရင္ မဟုတ္ဖူးပဲေျပာခဲ့တာ။ ေလာေလာဆယ္ေတာ့ မိသားစုေတြလည္းဘယ္သူ႔ကိုမွ အျပင္ထြက္ခြင့္မပ မျပဳထားပါဘူး” လို႔ ေျပာပါတယ္။
ေသဆုံးသြားတဲ့ လူနာနံပတ္ ၅ (COVID-19 Case5)ဟာ ႏွာေခါင္းကင္ဆာေရာဂါကို ၾသစေၾတးလ်ႏို္ငငံမွာ တစ္လၾကာ ေဆးကုသမႈခံယူၿပီး စကၤာပူကေနျမန္မာႏိုင္ငံကို ျပန္လာတဲ့ အသက္ ၆၉ ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ပါတယ္။
လက္ရွိမွာ သူနဲ႔အတူေနထိုင္ခဲ့တဲ့ မိသားစုဝင္ထဲက အသက္ ၄၅ ႏွစ္အ႐ြယ္သားျဖစ္သူ မွာလည္း COVID-19 ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္လို႔ မတ္လ ၂၉ ရက္ေန႔က က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက လူနာနံပါတ္ Case 10အျဖစ္ ထုတ္ျပန္ထားပါတယ္။
မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္မွာေနထိုင္တဲ့ COVID-19 အတည္ျပဳလူနာႏွစ္ဦးနဲ႔ အတူေနထိုင္ခဲ့တဲ့ မိသားစုဝင္ေတြက ၁၉ ဦးရွိၿပီး အိမ္မွာက်န္ရွိခဲ့တဲ့မိသားစုဝင္ေတြကိုလည္း လက္ရွိမွာ အဖ်ားတိုင္းတာစစ္ေဆးၿပီး အိမ္ထဲကအိမ္ျပင္ေပးမထြက္ထားလို႔ လူနာေသဆုံးတာကို အသုဘစီစဥ္ဖို႔ သက္ဆိုင္ရာတာဝန္ရွိသူေတြရဲ႕ဆုံးျဖတ္ခ်က္ကို ေစာင့္ေနပါတယ္။
လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ COVID 19 အတည္ျပဳလူနာ ၁၄ ဦးရွိၿပီး ကူးစက္ခံရသူေတြထဲက ပထမဆုံး လူေသဆုံးမႈ ျဖစ္ပါတယ္။
ယူနီကုတ္ျဖင့္ ဖတ္ရန္
မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ COVID-19 ဗိုင်းရပ်စ်ရောဂါ စက်ခံထားရသူ အတည်ပြုလူနာတစ်ဦး မတ်လ ၃၁ ရက် မနက် ၇ နာရီ ၄၀ မိနစ်က သေဆုံးသွားတယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။
သေဆုံးသွားတဲ့ လူနာနေထိုင်တဲ့ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ” ဆုံးသွားတာဟုတ်ပါတယ်။ အသုဘလိုက်ပို့တာ စီစဉ်ဖို့ကလည်း ဘယ်လိုလုပ်ရမယ်ဆိုတာ ညွှန်ကြားချက်တွေ မလာသေးပါဘူး။ ဘယ်သူလိုက်ပို့မလဲဆိုတာ အပေါ်ကဆုံးဖြတ်မှာပါ။ သင်္ဂြိုဟ်ဖို့ကိစ္စက ဘာလုပ်ရမလဲ ညွှန်ကြားတဲ့ အပေါ်မူတည်ပါတယ်။ ခုတော့ဘယ်သူမှလိုက်ပို့ခွင့်မပြုထားပါဘူး။ ကျနော့်အနေနဲ့ဒီ သတင်းကိုတော့အတည်ပြုပါတယ်။ အရင်ကကောလဟာလထွက်တုန်းကလည်းမ ဟုတ်ရင် မဟုတ်ဖူးပဲပြောခဲ့တာ။ လောလောဆယ်တော့ မိသားစုတွေလည်းဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပ မပြုထားပါဘူး” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ လူနာနံပတ် ၅ (COVID-19 Case5)ဟာ နှာခေါင်းကင်ဆာရောဂါကို သြစတြေးလျနိုငငံမှာ တစ်လကြာ ဆေးကုသမှုခံယူပြီး စင်္ကာပူကနေမြန်မာနိုင်ငံကို ပြန်လာတဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။
လက်ရှိမှာ သူနဲ့အတူနေထိုင်ခဲ့တဲ့ မိသားစုဝင်ထဲက အသက် ၄၅ နှစ်အရွယ်သားဖြစ်သူ မှာလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ မတ်လ ၂၉ ရက်နေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူနာနံပါတ် Case 10အဖြစ် ထုတ်ပြန်ထားပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်မှာနေထိုင်တဲ့ COVID-19 အတည်ပြုလူနာနှစ်ဦးနဲ့ အတူနေထိုင်ခဲ့တဲ့ မိသားစုဝင်တွေက ၁၉ ဦးရှိပြီး အိမ်မှာကျန်ရှိခဲ့တဲ့မိသားစုဝင်တွေကိုလည်း လက်ရှိမှာ အဖျားတိုင်းတာစစ်ဆေးပြီး အိမ်ထဲကအိမ်ပြင်ပေးမထွက်ထားလို့ လူနာသေဆုံးတာကို အသုဘစီစဉ်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ ၁၄ ဦးရှိပြီး ကူးစက်ခံရသူတွေထဲက ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။

#ခရက္ဒစ္

Comments