လာအို တစ်နိုင်ငံလုံးကို Lockdown ချလိုက်ပြီး တရုတ်မှ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ကို ခေါ်ယူ

လာအို တစ်နိုင်ငံလုံးကို Lockdown ချလိုက်ပြီး တရုတ်မှ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ကို ခေါ်ယူ


ဒီကနေ့ မတ်လ (၃၀) က စပြီး လာအိုတစ်နိုင်ငံလုံးကို Lockdown ချ လိုက်ပြီလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ လာအို အစိုးရက ကြေညာပါတယ်။ ဒီ Lockdown ဟာ မတ်လ (၃၀) ကနေ ဧပြီလ (၁၉) ရက်ထိ ဖြစ်ပါတယ်။ အခုဆိုရင် ပို့‌‌ဆောင်ဆက်သွယ်ရေးကဏ္ဍရော နယ်စပ်ဂိတ်တွေပါ ပိတ်လိုက်ပြီဖြစ်ပါတယ်။
ဖျော်ဖြေရေးကဏ္ဍ တွေ ကာရာအိုကေတွေ၊ ဘားနဲ့ အရက်ဆိုင်တွေအားလုံး ကိုလည်း ပိတ်သိမ်းလိုက်ပါပြီ။ နောက် ပြီး လူ (၁၀) ဦးထက် ပို တဲ့ ဘယ်အစုအဝေးကို မဆိုတားမြစ်ထားပါတယ်။ နိုင်ငံသားရော၊ နိုင်ငံခြားသား နဲ့ နိုင်ငံမဲ့တွေ အားလုံး အိမ်ထဲက အိမ်ပြင်ထွက်လို့မရတော့ပါဘူး။ လိုအပ်ချက်ရှိမှ သာ ထွက်လို့ရမှာပါ။
ဒီကာလ အတွင်း မှာအရေးကြီး လိုအပ်တဲ့ ‌ဆေးရုံတွေ၊ ဆေးဆိုင်တွေ၊ အရေးပေါ်ကယ်ဆယ်ရေးဌာန တွေ၊ ဈေးဝယ်စင်တာတွေ၊ ဆက်သွယ်ရေးအော်ပ‌ ရေတာ‌တွေကိုတော့ ဖွင့်လှစ်ပေးထားပါတယ်။ နောက်ပြီး အစိုးရက အခြေခံစားသောက်ကုန်ပစ္စည်းတွေ၊ လက်သန့်ဆေးရည်တွေ၊ မျက်နှာစည်း နဲ့တစ်ခြား ဆေးဘက်ဆိုင်ရာ ကာကွယ်ရေးထုတ်ကုန် တွေကို ဈေးတင်မရောင်းဖို့လည်း အမိန့်ထုတ်ထားပါတယ်။ အစိုးရရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရ လာအိုနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ (၈) ဦးရှိပါပြီ။ Laotiantimes လာအိုနိုင်ငံတွင် COVID-19 ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချပ်ရာတွင် ကူညီရန်အတွက် တရုတ်ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျန်းလေဆိပ်သို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ ယင်းတို့တွင် COVID-19 ကူးစက်ပြန့်နှံ့မှုနှင့် ပတ်သက်၍ လာအိုနိုင်ငံကို ကူညီထောက်ပံ့သည့် ဆေးဖက်ဆိုင်ရာ ပစ္စည်းများလည်းပါဝင်သည်။
အဆိုပါ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အား လာအိုနိုင်ငံ COVID-19 ကာကွယ်ထိန်းချပ်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ အဖြစ်တာဝန်ယူထားသော လာအိုနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာ Somdy Douangdy နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ Jiang Zaidong တို့က Watty အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုကြသည်။ တရုတ်နိုင်ငံ၏ လျှင်မြန်သော တုန့်ပြန်ကူညီမှုအတွက် လေးစားပါကြောင်း လာအိုနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Somdy Douangfy က ပြောကြားသည်။ တရုတ် ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကဏ္ဍ အသီးသီးတွင် ကျွမ်းကျင်သူများပါရှိသည်။ လိုအပ်သော ဆေးဖက်ဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း တပါတည်းယူဆောင်လာကြသည်။ ဇင်ဟွား/ANN

#ခရက်ဒစ်

Comments